စွန့်ပစ်ပစ္စည်းဖိတုံးများပြုလုပ်ခြင်းနှင့် တန်ဖိုးမြှင့်ကော်စေ့ထုတ်လုပ်ခြင်း
ကျွန်တော်များ ဆုံဆည်းမြိုင်ကုမ္ပဏီလီမိတက်အနေဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ထံမှ စက်မှုလိုင်စင်နှင့် ဘေးအန္တရာယ်ရှိလုပ်ငန်းလိုင်စင်များ ပြုလုပ်ထားရှိပြီး စွန့်ပစ်ပစ္စည်းဖိတုံးများ ပြုလုပ်ခြင်းအား အမှိုက်စွန့်ပစ်သည့်မြေနေရာ၏ ဘေးဘက်တွင် (ယာယီ) ပြုလုပ် ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်တော်များအနေဖြင့် မကြာမီအချိန်တွင် တန်ဖိုးမြှင့်ကော်စေ့ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက စက်ရုံဆောက်လုပ်၍ တန်ဖိုးမြှင့်ကော်စေ့များ ထုတ်လုပ်မည်ဖြစ်ပါသည်။
MSME လုပ်ငန်းတစ်ခုဖြစ်သည့် တန်ဖိုးမြှင့်ကော်စေ့ထုတ်လုပ်ရေးစက်ရုံအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထုတ်လုပ်ရရှိသည့်ကော်စေ့များအား ပြည်တွင်းသို့လည်းကောင်း၊ ပြည်ပနိုင်ငံများသို့လည်းကောင်း ပြန်လည်ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။